စာတမ်းဖတ်ပွဲအခမ်းအနားသို့ ဒေါက်တာဒေါ်တင်တင်လေး၊ ညွှန်ကြားရေးမှုးချုပ်၊ ကျန်းမာရေးလူ့ စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့အပြင် ပါမောက္ခချုပ် ဒေါက်တာဒေါ်မြမြအေး၊ ပါမောက္ခများ၊ ရောဂါဗေဒဆရာဝန်ကြီးများ၊ အနယ်နယ်အရပ်ရပ်မှ ဆေးဘက် ဆိုင်ရာဓာတ်ခွဲပညာရှင်များနှင့် ဆေးဘက်ဆိုင်ရာဓာတ်ခွဲနည်းပညာတက္ကသိုလ်(မန္တလေး) မှကျောင်းသား/သူများတက်ရောက်ခဲ့ပါသည်။
စာတမ်းဖတ်ပွဲတွင် ပါမောက္ခဒေါက်တာဒေါ်ရီရီမြင့်၊ ဦးတင် ထွန်း၊ ဒေါက်တာဦးစိုးပိုင်ကျော်၊ ဒေါက်တာဒေါ်ဖူးမြတ်သီ၊ ဒေါက်တာနိုင်ဝင်းထက်၊ ဒေါ်ရွှေရည်ဝင်းကျော်၊ ဒေါ်အိအိရီလှိုင်နှင့် Ms. Tam Yin Yin တို့ကသုတေသနစာတမ်းများဖတ်ကြားခြင်း၊ ပညာရပ်ဆိုင်ရာတင်ပြဆွေးနွေးခြင်း များကို ဆောင်ရွက်ခဲ့ကြပါသည်။
မြန်မာဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်အသင်း၏ (၆) ကြိမ်မြောက်စာတမ်းဖတ်ပွဲတွင် စာတမ်းပေါင်း (၉)ခု၊ ပိုစတာ (၁၀)ခု တင်ပြနိုင်ခဲ့ပြီး စာတမ်းဖတ်ပွဲသို့ ဧည့်သည်တော်များ၊ စိတ်ပါဝင်စားသူများ၊ ဓာတ်ခွဲပညာရှင်များနှင့် ဆေးကုမ္ပဏီပြခန်းများပြသခဲ့ပါသည်။