• mmta slide
  • mmta slide
  • mmta slide
  • mmta slide
  • mmta slide
  • mmta slide
  • aamls
  • accls
  • ifcc worldlab soul

ဓာတ်ခွဲစစ်ဆေးသူ ပထမတန်း သင်တန်းနောက်ခံသမိုင်း

  • ၁၉၅၄ -ခုနှစ်မှ စ၍ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ယခင် Pasteur Institute) တွင် ဓာတ်ခွဲစစ်ဆေးသူ ပထမတန်းကို လျှောက်လွှာခေါ်ယူ၍ တိုက်ရိုက် ခန့်ထားခဲ့ပါသည်။ သီးခြား သင်တန်းဟူ၍ မရှိပဲ မိမိတာဝန်ကျရာ ဌာနအသီးသီးတို့တွင်လုပ်ငန်းခွင် သင်တန်းများအဖြစ်နှင့်သာ လေ့ကျင့် မွေးထုတ်ပေးခဲ့ပါသည်။
  • ထိုစဉ်အခါက ဓာတ်ခွဲစစ်ဆေးသူ ပထမတန်းကို ဓာတ်ခွဲမှူး၊ ဓာတ်ခွဲစစ်ဆေးသူ၊ ဓာတ်ခွဲကျွမ်းကျင်သူဟူ၍ အမျိုမျိုး ခေါ်ဝေါ်ခဲ့ပါသည်။
  • ပညာအရည်ချင်းကို အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်းအောင်ဟု သတ်မှတ်၍တိုက်ရိုက်ခန့်ထား၊ လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။
  • ၁၉၅၉ - ခုနှစ်မှစ၍ ၁- နှစ် သင်တန်းဟု သတ်မှတ်ပြီး သင်ကြားပို့ချပေးခဲ့သော်လည်း နေရာအခက်အခဲနှင့် သင်ကြားရေး အထောက်အကူပြု ပစ္စည်း ကိရိယာများ မပြည့်စုံမှုတို့ကြောင့် စနစ်တကျ သင်တန်းပို့ချနိုင်ခြင်း မရှိခဲ့ပါ။
  • သို့သော် ၁၉၆၀ - ခုနှစ်မှစ၍ UNICEF မှသင်တန်းသား တစ်ဦးလျှင် လစဉ်ထောက်ပံ့ကြေး ငွေ ၆၀ိ/ ထောက်ပံ့ပေးခြင်း၊ သီးခြားသင်တန်းဆောင် တိုးချဲ့ ဆောက်လုပ်ပေးခြင်း၊ ဓာတ်ခွဲပစ္စည်း ကိရိယာများ ပံ့ပိုးကူညီခြင်း စသည်တို့ကြောင့် ဓာတ်ခွဲစစ်ဆေးသူ ပထမတန်း သင်တန်းဟူ၍ စနစ်တကျ အကောင်အထည် ပေါ်ပေါက်လာခဲ့ပါသည်။
  • ၁၉၆၈ - ခုနှစ်အထိ UNICEF မှ ဓာတ်ခွဲ စစ်ဆေးသူ ပထမတန်း ၁-နှစ် သင်တန်းအတွက် လစဉ် ထောက်ပံ့ကြေး ဆက်လက် ပံ့ပိုးကူညီပေးခဲ့ပါသည်။
  • ၁၉၇၀ - ခုနှစ်မှစ၍ အသက် ၁၈ နှစ်နှင့် ၂၇ နှစ်ကြားရှိ တက္ကသိုလ်ဝင်တန်း(ခ) ဖြင့်အောင်မြင်သူ (သို့) လုပ်သက် ၅-နှစ် ရှိ ဓာတ်ခွဲစစ်ဆေးသူ ဒုတိယတန်းများမှ သတ်မှတ်အရည်အချင်း ပြည့်မီသူများအား စိစစ် ရွေးချယ်၍ ၂-နှစ်သင်တန်းဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။
  • ၂၀၀၄ - ခုနှစ် ၄၀- ကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးသူ ပထမတန်း သင်တန်းစ၍ ယခုအထိ လုပ်သက် ၃ - နှစ်ရှိသော ဓာတ်ခွဲစစ်ဆေးသူ ဒုတိယတန်း ဌာနတွင်းဝန်ထမ်းများကိုသာ ရွေးချယ်ခေါ်ယူ၍ ဓာတ်ခွဲစစ်ဆေးသူ ပထမတန်း သင်တန်းသားများအဖြစ် လေ့ကျင့် သင်ကြားပေးခဲ့ပါသည်။ ဓာတ်ခွဲစစ်ဆေးသူ ပထမတန်း သင်တန်းတွင် လေ့ကျင့်သင်ကြား ပို့ချသော ဘာသာရပ်များမှာ
    (၁) Histopathology
    (၂) Chemicalpathology
    (၃) Haematology
    (၄) Microbiology တို့ဖြစ်ပါသည်။
  • ၂၀၁၁ - ၂၀၁၃ - ခုနှစ်၊ ၄၅ - ကြိမ်မြောက် ဓာတ်ခွဲ စစ်ဆေးသူပထမတန်း သင်တန်းတွင် သင်တန်းသား ၁၂၁ဦးထိ တိုးမြှင့် သင်ကြားပေးလျက်ရှိရာ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲစစ်ဆေးသူ ပထမတန်း ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင် စုစုပေါင်းမှာ ယနေ့အထိ ၁၃၂၀ - ဦးခန့် ရှိပြီးဖြစ်ပါသည်။

A Member of

Contact Us

No. 187, 1st floor, Lanmadaw Road, Lanmadaw Township, Yangon, Myanmar

Tel : +95 9 73103998, +95 9 261993134, +95 9 43161033

Email : This email address is being protected from spambots. You need JavaScript enabled to view it.

Advertisement

  • covid19 presentation
  • covid19 presentation
  • covid19 presentation
Give your website a premium touchup with these free WordPress themes using responsive design, seo friendly designs www.bigtheme.net/wordpress