မြန်မာဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်အသင်း
မြန်မာဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်အသင်းသည် နိုင်ငံတော်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန၏ အသင်း အဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများအရ တရားဝင်ခွင့်ပြုချက်ရ မှတ်ပုံတင်ဖွဲ့စည်းသည့် ဆေးဘက် ဆိုင်ရာဓာတ်ခွဲပညာရှင်အသင်းဖြစ်ပါသည်။
(၁) ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်
(၂) တပ်မတော်သူနာပြု နှင့် ဆေးဘက်ပညာတက္ကသိုလ်
(၃) ဆေးဘက်ဆိုင်ရာဓာတ်ခွဲနည်းပညာဒီပလိုမာသင်တန်း
(၄) ဓာတ်ခွဲစစ်ဆေးသူ - ပထမတန်းသင်တန်း
(၅) ဓာတ်ခွဲစစ်ဆေးသူ - ဒုတိယတန်းသင်တန်း၊ စသည်တို့မှ တက်ရောက်အောင်မြင်ပြီးသူများဖြင့် ဖွဲ့စည်း ထားသော ဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်အားလုံးအတွက် ကိုယ်စားပြုအသင်းကြီးဖြစ်ပါသည်။
ရည်ရွယ်ချက်
(က) နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒများနှင့်အညီ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ဓာတ် ခွဲပညာရှင်မိသားစုကြီးက တက်ကြွစွာပါဝင်ဆောင်ရွက်သွားရန်၊
(ခ) ဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်များအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်၊
(ဂ) ဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်များ၏ လူမှုရေး၊ ကျန်းမာရေးကိစ္စရပ်များကို ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ရန်၊
(ဃ) ဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်များ၏ ကျင့်ဝတ်သိက္ခာ ပိုမိုမြင့်မားလာစေရန်၊
(င) ဓာတ်ခွဲပညာများနှင့် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊
(စ) ပြည်တွင်း/ ပြည်ပ ဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင် ရွက်နိုင်ရန်၊
အလုပ်အမှုဆောင်အဖွဲ့
၁။ | နာယက | _ | ဦးခင်မောင်တင် |
၂။ | ဥက္ကဌ | _ | ဦးမောင်မောင် |
၃။ | ဒု - ဥက္ကဌ | _ | (၁) ဦးလောရင့်သိန်းအောင် (၂) ဦးစောမေရှ |
၄။ | အတွင်းရေးမှူး | _ | ဒေါ်ကလျာထွန်း |
၅။ | တွဲဘက်အတွင်းရေးမှူး | _ | (၁) ဒေါက်တာစောသုဝါ (၂) ဦးတင်မောင်ဆွေ |
၆။ | ဘဏ္ဍာရေးမှူး | _ | ဒေါ်မီမီထွန်း |
၇။ | တွဲဘက်ဏ္ဍာရေးမှူး | _ | (၁) ဦးထိန်လင်း (၂) ဒေါ်နော်ကျင်သိန်း |
၈။ | စာရင်းစစ်မှူး | _ | ဦးကြည်လှ |
၉။ | တွဲဘက်စာရင်းစစ်မှူး | _ | (၁) ဒေါ်ဌေးဌေး (၂) ဒေါ်သီတာထွေး |
၁၀။ | အဖွဲ့ဝင်များ | _ | (၁) ဒေါ်ရီရီစိန် (၂) ဒေါ်ယွန်းရွှေရီ (၃) ဒေါ်ဥမ္မာသန်း (၄) ဒေါ်ဝင့်သီရိရွှေ (၅) ဦးဌေးကြိုင် (၆) ဒေါ်ဝင်းဝင်းထွန်း |