ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်နှင့် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲကျွမ်းကျင် ပညာရှင်ပေါ်ပေါက်လာပုံသမိုင်းအကျဉ်း
- ၁၉၃၀ - နိုင်ငံခြားသားပညာရှင်များ ငှားရမ်း၍ ဓာတ်ခွဲစိစစ်ခြင်း၊ ဓာတ်မှန်ရိုက်စစ်ဆေးခြင်း၊ အရိုးအဆစ်မသန်မစွမ်းရော ကုသပျိုးထောင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပေးခဲ့သည်။
- ၁၉၆၀ - နိုင်ငံတော် အစိုးရနှင့် ကိုလံဘို စီမံကိန်းတို့ ပူပေါင်းဆောင်ရွက်မှုဖြင့် ၂ - နှစ်သင်တန်းများ ဖွင့်လှစ်သင်ကြား၍ ပထမဦးဆုံး နိုင်ငံသား အကြောအဆစ်ကု ပညာရှင် ၁၈-ဦး၊ ဓာတ်မှန်ရိုက် ပညာရှင် ၈- ဦး စတင် မွေးထုတ်ပေးခဲ့သည်။
- ၁၉၆၃ ၊ ဒီဇင်ဘာ - ကျန်းမာရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးလှဟန် ဦးဆောင်သည့် အဖွဲ့ဝင် ၁၈-ဦး ပါဝင်သောအဖွဲ့က ဆေးဘက်ပညာသည် အမှူထမ်းကျောင်း (Intstitute of Para-Medical Sciences) ဖွင့်လှစ်ရေး စတင် ဆောင်ရွက်ခဲ့ကြသည်။
- ၁၉၆၄၊ နိုဝင်ဘာ - ၂ - Columbo Plan အကူအညီဖြင့် ဆေးဘက် ပညာသည် အမှူထမ်းကျောင်း ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး (RGH) ဝင်းအတွင်း ရှိ ကျောင်း အဆောက်အဦး သစ်မှာ စတင်ဖွင့်လှစ် ခဲ့သည်။
- (၁) ရောဂါရှာဖွေစိစစ်ရေးပညာ (Medical Technology)
(၂) ဆေးဝါးဖော်စပ်ရေးပညာ (Pharmacy)
(၃) အကြောအဆစ်ကုပညာ (Physiotherapy)နှင့်
(၄) ဓာတ်မှန်ရိုက်ပညာ (Radiography) ဟူ၍ ပညာရပ်သင်တန်း(၄)မျိုးကို စာတွေ့ လက်တွေ့ သင်ကြား ပေးခဲ့ပါသည်။ - ၁၉၆၄၊ ပထမအကြိမ် စတင်ဖွင့်လှစ်စဉ်က ၂-နှစ် သင်တန်းဖြစ်ပြီး ရာထူးဝန်အဖွဲ့မှတဆင့် ဥပစာသိပ္ပံ အောင်မြင်သူများအား ရွေးချယ်ခေါ်ယူခဲ့ပါသည်။
- ၁၉၆၉၊ ဆဌမအကြိမ်သင်တန်းမှ ၁၆ -ကြိမ်မြောက် သင်တန်းအထိ ၂-နှစ် သင်တန်း အဖြစ် ဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။ ဆေးတက္ကသိုလ် ဒုတိယနှစ် ဆေးသိပ္ပံ အကြီးတန်း တက်ရောက်သင်ကြားခဲ့သူ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ဒုတိယနှစ် အောင်မြင်သူ၊ စံနစ်ဟောင်း ဥပစာသိပ္ပံ (ခ) ကို ဓာတုဗေဒ ၊ ရူပဗေဒ၊ ပါဏဗေဒ အဓိကဖြင့် အောင်မြင်သူ၊ လုပ်သားများ ကောလိပ်မှ စံနစ်သစ်ဖြင့် ဝိဇ္ဖာနှင့် သိပ္ပံ တက္ကသိုလ်များမှ ဒုတိယနှစ် (သိပ္ပံ) အောင်မြင်ပြီးသူများအား ရာထူးဝန်အဖွဲ့မှ စိစစ် ရွေးချယ်ခဲ့ပါသည်။ လစဉ်အစိုးရ ထောက်ပံ့ကြေး ၈၀ိ/- ခံစားကြရပါသည်။
- ၁၉၈၆၊ ၁၇-ကြိမ်နှင့် ၁၈-ကြိမ်မြောက် D.P.M.S ၂-နှစ် သင်တန်းတွင် သင်တန်းသား အရေအတွက် ကို ၂-ဆနီးပါး မျှတိုးမြှင့်ကာ အရည်အချင်းပြည့်မီသော B.Sc.(Science) ဘွဲ့ရပြီးသူများအား လေ့ကျင့် သင်ကြားပေးခဲ့ပါသည်။
- ၁၉၆၄-၁၉၉၀၊ D.P.M.S သင်တန်းများကို ရန်ကုန်ပြည့်သူ့ဆေးရုံကြီးတွင် ၁၈-ကြိမ်မြောက်ထိ ဖွင့်လှစ်ခဲ့သည်။
- ၁၉၉၁၊ ဒီဇင်ဘာ-၃၀ -နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့သည် ဆေးဘက်ပညာသည် ကျောင်း ကို ဆေးဘက်ပညာသည် တက္ကသိုလ် အဖြစ်သို့ တက္ကသိုလ် အဆင့် တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။ B.P.Sc. ပေါင်းကူး သင်တန်းများ ကို ဖွင့်လှစ် သင်ကြားပေးခဲ့သည်။
- ၁၉၉၂၊ စက်တင်ဘာ-၂-ဆေးဘက် ပညာသည်တက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကို ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ် နယ်မြေ၊ သထုံလမ်းရှိ တက္ကသိုလ်ခန်းမ (ယခင် BOC College) ၌ ကျင်းပခဲ့သည်။ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဖေသိန်း တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ B.Sc.(Science) နှင့် D.P.M.S ရရှိပြီး လုပ်သက်ရင့် ဝန်းထမ်းဖြစ်သူ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များထဲမှ သတ်မှတ် အရည်အချင်း ပြည့်မီပြီး ဝင်ခွင့်စာမေးပွဲအောင်မြင်သူများကို စိစစ်ရွေးချယ်ပြီး (ပ)အကြိမ် B.P.Sc.(Bridge-Course) ၂-နှစ်သင်တန်းများ ဖွင့်လှစ် လေ့ကျင့်ပေးခဲ့ရာ(၃၁.၁၂.၁၉၉၃) တွင် ပထမအကြိမ် B.P.Sc. ဘွဲ့ရများ အောင်မြင်စွာ လေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့သည်။
- ၁၉၉၄ ၊မေ- တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ (က) အဆင်ဖြင့် အောင်မြင်ပြီး သတ်မှတ် အရည်အချင်းပြည့်မီသူများအား ဆေးဘက်ပညာသည် တက္ကသိုလ် ပုံမှန် ၄-နှစ် သင်တန်း စတင် ဖွင့်လှစ် သင်ကြားပေးခဲ့သည်။
- ၁၉၉၅၊ မေ-၁၄- ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမကြီး၌ (ပ) အကြိမ် ဆေးဘက်ပညာ သိပ္ပံဘွဲ့ B.P.Sc. (Medical Technology,Physiotheraphy & Radiography) ပေးအပ် ချီးမြှင့်ခဲ့သည်။
- ၁၉၉၄ - ၁၉၉၈၊ (ဒု) အကြိမ်နှင့် (တ) အကြိမ် B.P.Sc (Bridge-Course) သင်တန်းများ ဖွင့်လှစ် ပေးခဲ့သည်။
- ၁၉၉၈-၂၀၀၁- (ပ) အကြိမ်မှ (စ) အကြိမ်ထိ Dip.P.Sc. (Medical Technology,Physiotherapy,Radiography) ၁-နှစ် သင်တန်းများကို B.Sc.(Science)ဘွဲ့ရပြီး သတ်မှတ် အရည်အချင်းပြည့်မီသူများအား စိစစ်ရွေးချယ် လေ့ကျင့်သင်ကြားပေးခဲ့ရာ Dip.P.Sc.ဘွဲ့ရ ၁၀၀-ကျော် မွေးထုတ်ပေးနိုင်ခဲ့သည်။
- ၂၀၀၂၊ နိုဝဘာၤ-၂၀- တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် (Military Institute of Nursing amd Paramedical Sciences) စတင်ဖွင့်လှစ်ခဲ့သည်။ ၁၀-တန်း အောင်မြင်ပြီး သတ်မှတ်အရည်အချင်း ပြည့်မီသူများအား ပုံမှန် ၄-နှစ် သင်တန်းများ ဖွင့်လှစ် လေ့ကျင့်ပေးခဲ့ရာ ၂၀၁၂-ခုနှစ်တွင် ၁၀-ကြိမ်မြောက် ရှိပြီဖြစ်သည်။
- ၂၀၀၃၊ ဒီဇဘာၤ-၁၆- ဆေးဘက်ဆိုင်ရာနည်းပညာ မဟာသိပ္ပံ ဘွဲ့လွန်၊ ၂ နှစ်- သင်တန်းများ ဖွင့်လှစ်ရာ ၂၀၁၂ ခုနှစ်တွင် ၉-ကြိမ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
- ၂၀၀၅၊ စက်တင်ဘာ- ၆- ဆေးဘက်ပညာသည် တက္ကသိုလ် မှ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် သို့ ထပ်မံ အမည်ပြောင်းလဲခဲ့သည်။ ဘွဲ့အမည်ကိုလည်း B.P.Sc. (Medical Technology) မှB.Med.Tech. (Medical Laboratory Technology) သို့ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
- ၃၁.၁၂.၁၉၉၃ မှစတင်ပြီး B.P.Sc.ဘွဲ့၊ B.Med.Tech.ဘွဲ့များ ချီးမြှင့်ခဲ့ရာ ၂၀၁၂တွင်၁၇-ကြိမ်သို့ပင် ရောက်ရှိခဲ့ပြီ ဖြစ်သည်။
- ထို့ပြင် ဆေးဘက်ဆိုင်ရာ နည်းမညာ မဟာသိပ္ပံဘွဲ့လွန် သင်တန်းများ ဖွင့်လှစ်ခဲ့ရာ ၂၀၁၂ ခုနှစ်တွင် ၉-ကြိမ်သို ရောက်ရှိနေပြီဖြစ်သည်။
- ဤသို့ဖြင့် ၂၀၁၂ ခုနှစ်တွင် Medical Technologist,Physiotherapist,Medical Imaging Technologist (DPMS,BPSc,Dip.PSc,B.Med.Tech.,M.Med.Tech) စသည်ဖြင့် ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ရ ပညာရှင်များအနက် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာဘွဲ့ရဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင် (Medical Technologist) ဦးရေမှာ (၁၅၀၀) ခန့်ရှိနေပြီး ပညာရှင်များမှာ နှစ်စဉ် တိုးတက်များပြားလာနေပြီ ဖြစ်သည်။