ဓာတ်ခွဲစစ်ဆေးသူ ဒုတိယတန်း သင်တန်းနောက်ခံသမိုင်း
- ၁၉၅၁ - ခုနှစ်မတိုင်မီကာလတွင်သီးသန့် သင်တန်းမရှိဆေးရုံလုပ်ငန်းခွင်သင်တန်းဖြင့် ဓာတ်ခွဲစစ်ဆေးသူ ဒုတိယတန်းများ လေ့ကျင့်မွေးထုတ်ပေးခဲ့ပါသည်။
- ၁၉၅၁ - ခုနှစ်တွင် ပထမအကြိမ် ၆-လ လုပ်ငန်းခွင်သင်တန်း စတင်ဖွင့်လှစ်ပေးခဲ့ပါသည်။ သင်တန်းသားတစ်ဦးလျှင် ထောက်ပံ့ကြေး ၆၀/ -ပေးခဲ့ပါသည်။ အခြေခံပညာ အလယ်တန်းကျောင်း အောင်မြင်သူ ၅ဦးမှ ၁၅ဦးအထိ ရွေးချယ်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရောဂါရှာဖွေရေးဌာနတွင် သင်တန်း တက်ရောက် စေခဲ့ပါသည်။ သင်တန်းအောင်မြင်သူများအား ပြည်သူ့ဆေးရုံများတွင် ဓာတ်ခွဲစစ်ဆေးသူ ဒုတိယတန်းအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါသည်။
- ၁၉၆၆ - ခုနှစ်၊ အမှတ်စဉ် ၂၂ သင်တန်းအထိ တောက်ပံ့ကြေး ပေးခဲ့သော်လည်း အမှတ်စဉ် ၂၃ မှစ၍ ထောက်ပံ့ကြေး ပေးခြင်းမရှိတော့ပဲ ၆ - လ သင်တန်းသာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆက်လက် ဖွင့်လှစ် လေ့ကျင့် သင်ကြားပေးခဲ့သည်။
- ၁၉၇၄ - ၁၉၇၅ - ခုနှစ် ၂၈ - ကြိမ်မြောက် သင်တန်းမှစ၍ ၆ - လ အစား ၁ -နှစ်သင်တန်းအဖြစ် တိုးချဲ့ကာမန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်တို့တွင် သင်တန်းဌာန ၅-ခုထိ တိုချဲ့ ဖွင့်လှစ် ပေးနိုင်ခဲ့ပါသည်။
- ၁၉၇၇ - ၁၉၇၈ - ခုနှစ်တွင် ၃၁ - ကြိမ်မြောက် သင်တန်းကို ရန်ကုန်မြို့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၌ တိုးချဲ့ဖွင့်လှစ်ပေးခဲ့သည်။
- ၁၉၈၂ - ၁၉၇၈ - ခုနှစ်တွင် ၃၄- ကြိမ်မြောက် သင်တန်းမှစ၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဖွင့်လှစ်သော သင်တန်းအား ရပ်ဆိုင်း၍ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ ပုသိမ်နှင့် ရန်ကုန်မြို့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး တို့တွင်ယခုချိန်ထိ ဆက်လက် ဖွင့်လှစ်သင်ကြားပေးနေပါသည်။ ၂၀၀၀ - ခုနှစ်တွင် သင်တန်းသားများ သွားလာနေထိုင်ရေး အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ ထားဝယ်၊ လွိုင်ကော်၊ မုံရွာ၊ မကွေး စသည့်မြို့များတွင် သင်တန်းဌာနများ တိုးချဲ့ ဖွင့်လှစ်ပေးခဲ့ပါသည်။
- ယခုအခါ ထိုသင်တန်းဌာနများတွင် သင်ကြားရေး ဆရာများနှင့် သင်ကြားရေး ပစ္စည်းကိရိယာများ မပြည့်စုံခြင်း စသည့် အခက်ခဲများကြောင့် သင်တန်းများ ဆက်လက် ဖွင့်လှစ်နိုင်ခြင်း မရှိတော့ပါ။၁၉၉၃ - ခုနှစ်မှစ၍ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကိုသာ ရွေးချယ် ခေါ်ယူခဲ့ပါသည်။
- ဓာတ်ခွဲစစ်ဆေးသူ ဒုတိယတန်း သင်တန်းတွင်လေ့ကျင့်သင်ကြားပို့ချသောဘာသာရပ်များမှာ
(၁) Histopathology
(၂) Chemical Pathology
(၃) Haematology
(၄) Microbiology တို့ဖြစ်ပါသည်။ - ယခုအခါ ဓာတ်ခွဲစစ်ဆေးသူ ဒုတိယတန်း ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင် အရေအတွက်မှာ နိုင်ငံတဝှမ်းလုံးရှိ ဆေးရုံများတွင် ၈၅၃- ဦး၊ အခြားဌာနများ၊ အငြိမ်းစားဝန်ထမ်းများ၊ ပြင်ပတွင် လုပ်ကိုင်နေကြသော ဓာတ်ခွဲစစ်ဆေးသူ ဒုတိယတန်းများ စသည်ဖြင့် ဓာတ်ခွဲစစ်ဆေးသူ ဒုတိယတန်း စုစုပေါင်း ၁၂၀၀- ဦးခန့် ရှိနေပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။