6th Conference of Myanmar Medical Technologist Association (MMTA) 2020
မြန်မာဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်အသင်း၏ (၆) ကြိမ်မြောက်စာတမ်းဖတ်ပွဲ “ 6th Conference of Myanmar Medical Technologist Association (MMTA) 2020” ကို ၂၀၂၀ ခုနှစ်၊ ဖေဖာ်ဝါရီလ (၂) ရက်နေ့တွင် မြတ်ရတနာခန်းမ၊ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာတက္ကသိုလ် (မန္တလေး) တွင်ကျင်းပ ခဲ့ပါသည်။
စာတမ်းဖတ်ပွဲအခမ်းအနားသို့ ဒေါက်တာဒေါ်တင်တင်လေး၊ ညွှန်ကြားရေးမှုးချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့အပြင် ပါမောက္ခချုပ် ဒေါက်တာဒေါ်မြမြအေး၊ ပါမောက္ခများ၊ ရောဂါဗေဒဆရာဝန်ကြီးများ၊ အနယ်နယ်အရပ်ရပ်မှ ဆေးဘက် ဆိုင်ရာဓာတ်ခွဲပညာရှင်များနှင့် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာတက္ကသိုလ် (မန္တလေး) မှ ကျောင်းသား/သူများ တက်ရောက်ခဲ့ပါသည်။
စာတမ်းဖတ်ပွဲတွင် ပါမောက္ခဒေါက်တာဒေါ်ရီရီမြင့်၊ ဦးတင်ထွန်း၊ ဒေါက်တာဦးစိုးပိုင်ကျော်၊ ဒေါက်တာဒေါ်ဖူးမြတ်သီ၊ ဒေါက်တာနိုင်ဝင်းထက်၊ ဒေါ်ရွှေရီဝင်းကျော်၊ ဒေါ်အိအိရီလှိုင်နှင့် Ms. Tam Yin Yin တို့က သုတေသနစာတမ်းများ ဖတ်ကြားခြင်း၊ ပညာရပ်ဆိုင်ရာ တင်ပြဆွေးနွေးခြင်း များကို ဆောင်ရွက်ခဲ့ကြပါသည်။
မြန်မာဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်အသင်း၏ (၆) ကြိမ်မြောက်စာတမ်းဖတ်ပွဲတွင် စာတမ်းပေါင်း (၉)ခု၊ ပိုစတာ (၁၀)ခု တင်ပြနိုင်ခဲ့ပြီး စာတမ်းဖတ်ပွဲသို့ ဧည့်သည်တော်များ၊ စိတ်ပါဝင်စားသူများ၊ ဓာတ်ခွဲပညာရှင်များနှင့် ဆေးကုမ္ပဏီပြခန်းများ ပြသခဲ့ပါသည်။