• mmta slide
  • mmta slide
  • mmta slide
  • mmta slide
  • mmta slide
  • mmta slide
  • aamls
  • accls
  • ifcc worldlab soul

MMTA ၏ (၅) ကြိမ်မြောက် စဉ်ဆက်မပြတ် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာ စာတမ်းဖတ်ပွဲကျင်းပခြင်း

မြန်မာဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်အသင်း၏ (၅) ကြိမ်မြောက် စဉ်ဆက်မပြတ် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာ စာတမ်းဖတ်ပွဲ “5th Continuing Medical Technology Education (CMTE)” ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့တွင် Myanmar Convention Center (MCC) ရန်ကုန်၌ကျင်းပခဲ့ပါသည်။

 စာတမ်းဖတ်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့် ထွေးနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်အသီးသီးမှပါမောက္ခများ၊ ရောဂါဗေဒဆရာဝန်ကြီး များ၊ မြန်မာနိုင်ငံဆေးကောင်စီနှင့် မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများမှ ကိုယ် စားလှယ်တော်ကြီးများနှင့် အနယ်နယ်အရပ်ရပ်မှ ဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်များတက်ရောက်ခဲ့ပါသည်။

ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာ စာတမ်းဖတ်ပွဲတွင် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဦးမြင့်ထွေးမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီ၊ ဗဟိုအလုပ်အမှုဆောင် ဒေါက် တာဦးတင်ညွန့်၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဒေါ်ဌေးဌေးတင် နှင့် မြန်မာဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်အသင်း၏ ဥက္ကဌ ဦးမောင်မောင်တို့က အသီးသီးအမှာစကားပြောကြားခဲ့ကြ ပါသည်။

ဆက်လက်၍ သုတေသနပညာရှင်များနှင့် ဓာတ်ခွဲပညာရှင်များဖြစ်သော ပါမောက္ခဒေါက်တာဦးနေဝင်း၊ ဦးတင် ထွန်း၊ ဒေါက်တာဒေါ်သင်းသင်းလှိုင်၊ ဒေါက်တာဦးစိုးပိုင်ကျော်၊ ဒေါက်တာဒေါ်သက်စုဝင်း၊ ဒေါက်တာဒေါ်သွဲ့ဦးလွင်၊ ဒေါ်အေးချမ်းမေနှင့် ဗိုလ်ကျော်ဇေယျ တို့ကသုတေသနစာတမ်းများဖတ်ကြားခြင်း၊ ပညာရပ်ဆိုင်ရာတင်ပြဆွေးနွေးခြင်း များကို ဆောင်ရွက်ခဲ့ကြပါသည်။

(၅) ကြိမ်မြောက် စဉ်ဆက်မပြတ် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာ စာတမ်းဖတ်ပွဲတွင် စာတမ်းပေါင်း (၈)ခု၊ ပိုစတာ (၈)ခု တင်ပြနိုင်ခဲ့ပြီး စာတမ်းဖတ်ပွဲသို့ ဧည့်သည်တော်များ၊ စိတ်ပါဝင်စားသူများနှင့် ဓာတ်ခွဲပညာရှင်များ (၅၀၀) ဦးခန့်တက်ရောက်ခဲ့ကာ ဆေးကုမ္ပဏီပြခန်းပေါင်း (၂၆)ခုပြသခဲ့ပါသည်။

5th cmte ygn 2019 00
5th cmte ygn 2019 01
5th cmte ygn 2019 02
5th cmte ygn 2019 03
5th cmte ygn 2019 04
5th cmte ygn 2019 05
5th cmte ygn 2019 06
5th cmte ygn 2019 07
5th cmte ygn 2019 08
5th cmte ygn 2019 09
5th cmte ygn 2019 10
5th cmte ygn 2019 11
5th cmte ygn 2019 12
5th cmte ygn 2019 13
5th cmte ygn 2019 14
5th cmte ygn 2019 15
5th cmte ygn 2019 16
5th cmte ygn 2019 17
5th cmte ygn 2019 18

A Member of

Contact Us

No. 187, 1st floor, Lanmadaw Road, Lanmadaw Township, Yangon, Myanmar

Tel : +95 9 73103998, +95 9 261993134, +95 9 43161033

Email : This email address is being protected from spambots. You need JavaScript enabled to view it.

Advertisement

  • covid19 presentation
  • covid19 presentation
  • covid19 presentation
Give your website a premium touchup with these free WordPress themes using responsive design, seo friendly designs www.bigtheme.net/wordpress