Union Minister Dr. Myint Htwe receives the chairman of Myanmar Medical Technologist Association
မြန်မာဆေးဘက်ဆိုင်ရာဓါတ်ခွဲပညာရှင်အသင်း ဥက္ကဋ္ဌ နှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ၂၀၁၉ ခုနှစ်၊ နိုဝင် ဘာလ (၁၉) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့်သွားရောက်တွေ့ဆုံ၍ အသင်း၏လက်ရှိ နှင့်ရှေ့လုပ်ငန်းစဉ် များကိုတင်ပြဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ဒေါက်တာစိုးဦး၊ မြန်မာဆေးဘက်ဆိုင်ရာ ဓါတ်ခွဲပညာရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးစောမေရှ၊ အတွင်းရေးမှူး ဒေါ်ကလျာထွန်း၊ တွဲဘက်အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ဘဏ္ဍာရေးမှူး ဒေါ်မီမီထွန်း၊ စာရင်းစစ်မှူး ဦးကြည်လှတို့ တက်ရောက်ကြပါသည်။